ရန်ကုန်မြို့လယ် နှင့်မဝေးသော သင်္ဃန်းကျွန်းအတွင်း စိတ်ငြိမ်အေးချမ်းသည့် ပတ်ဝန်းကျင် တွင်တည်ရှိပါသည်။
သီးသန့်အိမ်ရာခြံဝန်း နှင့် Security Gate ပါရှိပြီး ဝန်ထမ်းများကို (၂၄)နာရီ ထားရှိမည်ဖြစ်သောကြောင့် လုံခြုံစိတ်ချ အေးချမ်းစွာ နေထိုင်နိုင်မည်ဖြစ်ပါသည်။
အိမ်ခန်းအားလုံးတွင် ဧည့်ခန်းမ နှင့် ဝရန်တာ တစ်ဆက်တည်း တည်ရှိနေခြင်း၊ အိမ်ခန်းများ တစ်ခန်းနှင့် တစ်ခန်း အကြား Light Well များခြားထားခြင်းတို့ကြောင့် လေဝင်လေထွက်နှင့် သဘာဝအလင်းရောင် ကောင်းမွန်စွာ ရရှိပါသည်။
အကောင်းဆုံး ဒီဇိုင်းအပြင် အဆင်များဖြင့် တည်ဆောက်ထားသည့် Roof Garden (ကောင်းကင်ပန်းခြံ) ကြောင့် Penthouse တွင်နေထိုင်သူများသည် ကိုယ်ပိုင်ခြံဝန်းနှင့်နေထိုင်ရသကဲ့သို့ ခံစားရမည်ဖြစ်ပါသည်။
Villa ဝန်းအတွင်း သစ်ပင်ပန်းမံများဖြင့် စိမ်းစိုလှပနေသည့် Landscape (ပန်းဥယျာဉ်) ပါရှိသောကြောင့် စိတ်ကြည်နူးမှု အပြည့်အဝ ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။
လူကြီးမင်းတို့နေထိုင်ရန် နေအိမ်အဖြစ်သော်လည်းကောင်း ၊ အကျိုးအမြတ်အတွက် ရင်းနှီးမြှုပ်နှံရန်သော်လည်း ကောင်း အရစ်ကျငွေပေးချေမှုစနစ်ဖြင့်ဝယ်ယူ ရရှိနိုင်မည့်အခွင့်အရေးဖြစ်ပါသည်။
Copyright © 2013 - Nay Nann Thukha Construction Co., Ltd. - All rights reserved. Powered by World Wide Myanmar